2023年4月14日 星期五

သင်္ကြန်မုံ့ ကလေးကဗျာ 緬甸詩歌 兒童詩歌 兒歌 童謠 မုန့်လုံးရေပေါ် 緬甸湯圓 潑水節節慶必吃 好運連連 財源滾滾

ဆရာမ နုယဥ် ရေးသားခဲ့တဲ့ ၁၉၇၅ ခု ဧပြီလထုတ် တေဇ ရုပ်စုံမဂ္ဂဇင်း မှ   
သင်္ကြန်မုံ့ ကလေးကဗျာပါ။ 

သင်္ကြန်မုံ့

တလုံး နှစ်လုံး သုံးလေးလုံး 
ငါးလုံး ခြောက်လုံး ခုနှစ်လုံး 
ရှစ်လုံး ကိုးလုံး ဆယ်ကျော်လုံး 
ဂျွမ်းထိုးလေပေါ့  မုံ့ဖြူလုံး။ 

မုံ့လုံးရေပေါ် ဆယ်စို့ နော် 
အုန်းသီးခြစ်စို့ တူပျော်ပျော်။

လယ်ပေါ်ကျောင်းသား တို့ကျောင်းသား
ဆွမ်းခံထွက်လို့ လာပြီလား။

မဏ္ဍာပ်နားဆီ ဝင်ခဲ့ပါ 
မုံ့လုံးရေပေါ် လောင်းဘို့ရာ။

သင်္ကြန်ချိန်မှာ လှူ​နေ ကျ
ထန်းလျက်ယိုနှင့် ချိုမြမြ။ 

ရွာတောင်ဖျားက ပိတောက်ဝါ 
မမ​လေးတို့ ပန်လိုလာ။ 

မုံ့လုံးတရာ မလောက်သေး
ဝိုင်းကါလုံးကာ ကူပါ့လေး။

ကြည်စင်အေးတဲ့ သင်္ကြန်ရေ 
နှစ်သစ်ကူးမှာ လောင်းကြပေ။ 

ပျော်လေမစဲ တို့ရပ်ထဲ
အိုးစည်,ဗုံ,နှဲ  ညံမစဲ
မုံ့လုံးရေပေါ် လှူတဲ့ပွဲ။

ကဗျာ  - နုယဉ်
သရုပ်ဖေါ် - သော်က

LH မှ စာရေးသူများအတွက် ဝန်ဆောင်မှုတွေ လုပ်ပေးနေပါတယ်။ 
- အသံစာအုပ် အခယူ ဖတ်ပေးခြင်း
- online စာအုပ် အငှားဝန်ဆောင်မှု
- online စာအုပ် ကြော်ငြာ (စာအုပ်ကို စာဖတ်သူနဲ့ မိတ်ဆက်ချင်း)
- စာစီစာရိုက်

沒有留言:

張貼留言