2023年4月14日 星期五

နှစ်ကူးသင်္ကြန် ကလေးကဗျာ မြန်မာကဗျာ 緬甸詩歌 兒童詩歌 兒歌 童謠 歡慶潑水節

ဆရာမ နုယဥ် ရေးသားခဲ့တဲ့ ၁၉၇၄ ခု ဧပြီလထုတ် တေဇရုပ်စုံမဂ္ဂဇင်းမှ  နှစ်ကူးသင်္ကြန် ကလေးကဗျာပါ။ နှစ်ကူးသင်္ကြန်ကျေးဌက်ကလေးတွေ စီရီထ မြို့ရွာဆီကို ပျံဝဲကြ။ မျောက်နှင့်ကျားက မိတ်ဖွဲ့လာ ယုန်ဖြူလေးလဲ လိုက်ခဲ့မှာ။သာယာမြည်​ကြွေး သံအေးအေးဥဩဌက်မွန် တွန်ပြီလေး။ ရွှေဖီမွှေးနှင့် ပိတောက်ဝါဥဒေါင်းမလေး ပန်ဆင်လာ။ သာလိကာနှင့် ဌက်ရွှေခဲ ရွှေလင်းပြာတို့ မောင်နှံတွဲ။မြို့ထဲရပ်ထဲ ပွဲစည်စည် တူစုံသွားကြ ချိန်ခါမှီ။ ရွှေအိုးစည်က မည်သံဟီး နှစ်ကူးသင်္ကြန်ပွဲတော်ကြီး။လူကြီးမိဖ စုံညီရာ ရေကန်တော့ပွဲ ဆင်ကြမှာ။နံ့သာရေ ကြည်ကြည်​မွှေး ပြည်ခွင်လုံးအေး၊ ပြည်လုံးအေး။    ။နုယဥ်​ ရေးသည်သရုပ်​ဖော် ​အောင်စိန်LH မှ စာရေးသူများအတွက် ဝန်ဆောင်မှုတွေ လုပ်ပေးနေပါတယ်။ - အသံစာအုပ် အခယူ ဖတ်ပေးခြင်း- online စာအုပ် အငှားဝန်ဆောင်မှု- online စာအုပ် ကြော်ငြာ (စာအုပ်ကို စာဖတ်သူနဲ့ မိတ်ဆက်ချင်း)- စာစီစာရိုက်

沒有留言:

張貼留言