2023年3月14日 星期二

ကျားမတန်းတူညီမျှရေး 性別平等教育 gender equality

 https://fb.watch/jg4CWVR1s8/

 

ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး ကဏ္ဍမှာပါဝင်ချင်ပါသလား။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ဘယ်လိုပါဝင်လို့ရနိုင်လဲဆိုတာလေ့လာနိုင်ပါတယ်။💪👩‍🎓
ကျားမရေးရာ စံသတ်မှတ်ချက်များနှင့် ဘက်လိုက်မှုများသည် မိန်းကလေးငယ်များနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုလျှော့ချလေ့ရှိပါတယ်။ အရွယ်မတိုင်ခင်အိမ်ထောင်ချပေးခံရခြင်း၊ သွားလာလှုပ်ရှားခွင့်ထိမ်းချုပ်ခံရခြင်း၊ အိမ်မှုကိစ္စတာဝန်များစွာ လုပ်ရခြင်းတို့က မိန်းကလေးများရဲ့ ပညာသင်ယူနိုင်စွမ်းကိုလျော့ကျစေပါတယ်။ ဒါပေမယ့် မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေလိုပဲ ပညာသင်ကြားခွင့်ရှိပါတယ်။ တန်းတူညီမျှတဲ့ ပညာသင်ယူခွင့်ရရှိဖို့အတွက် မိန်းကလေးများကို ကူညီခြင်းအားဖြင့် ကျားမရေးရာခွဲခြားဆက်ဆံခြင်းပြသနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကလေးငယ်များ ကျားမ မရွေး ပညာသင်ကြားခွင့်ရရှိစေခြင်းနှင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံခြင်းအား ရပ်တန့်ခြင်းတို့သည် လူ့အဖွဲ့အစည်းအား တိုးတက်ပြောင်းလဲစေဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။
လုလုနဲ့သူ့ရဲ့မိသားစုလေးဟာ ကျားမရေးရာစံသတ်မှတ်ချက်များနဲ့ဘက်လိုက်မှုများကို ဘယ်လိုကျော်လွှားပြီး ရပ်ရွာအတွက်ဘယ်လိုပြောင်းလဲမှုတွေလုပ်ပေးခဲ့တယ်ဆိုတာကို ဒီဗီဒီယိုလေးကိုကြည့်ပြီး အဖြေရှာလိုက်ကြရအောင်။ 👇
Want to contribute to women's empowerment/gender equality? Watch this video to find out how! 💪👩‍🎓
Gender stereotypes often hold girls and women back, especially in remote areas. Child marriage, restrictions in their movement, excessive household responsibilities reduce girls' ability to access education. But girls, like boys, have a right to education, and ensuring girls' equal access to education is instrumental to tackling gender-based discrimination. Making education available to all children and ending discrimination against women and girls are key to transforming society.
Watch the video below to find out how Lulu and her family are overcoming gender stereotypes and contributing to change in their community 👇
 
https://www.facebook.com/centerforsocialintegrity/ 

https://www.gender.edu.tw/web/index.php/m5/m5_01_02_index

 

沒有留言:

張貼留言